ရွှေညောင်တွင် လူနေရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများအတွင်း ရေဝင်‌ရောက်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 11, 2026

ရွှေညောင်တွင် လူနေရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများအတွင်း ရေဝင်‌ရောက်နေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌တောင်ကြီးမြို့နယ်၊ ‌ရွှေညောင်မြို့တွင် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်း၌ မြို့ပေါ်ရှိ လူနေရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၌ ‌ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

.

.

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေညောင်ကုန်းလှိုင်ကန်နှင့် ကျီးဖြူကန်တို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်၍ ကန်ရေလျှံတက်ပြီး ရွှေညောင်မြို့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အခု ကုန်းလှိုင်ကျောင်းမှာ ထပ်ခေါ်ပြီး စာရင်းကောက်နေတုန်းပါ။ မနေ့ညကတော့ ၁၃၀ လောက်ရှိတယ်။ အခုတော့ ၂၀၀ လောက် ရောက်ပြီ။ ရေတော့ ကျသွားပြီ။ စိုးရိမ်စရာမရှိပါဘူး။ ကျီးဖြူကန်လည်း ရေကျပါပြီ” ဟု ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

.

လက်ရှိတွင် ရွှေညောင်မြို့၊ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်အိမ်ထောင်စုများအား ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages