.
.
❏
တောင်ကြီး i Car ဝပ်ရှော့ဆိုင် မီးလောင်မှုမှာ
လုံခြုံရေးဝန်ထမ်းက ရှို့ခြင်းဖြစ်
.
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ i Car ဝပ်ရှော့တွင် ယမန်နေ့
နိုဝင်ဘာလ ၇ ရက်၊ ည ၁၀ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းဆိုင်မှ
လုံခြုံရေးဝန်ထမ်းက မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
❏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ
အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်မည်
.
ရှမ်းပြည်နယ်မြို့တော်
သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ပြီး The
Sphere-Taunggyi အဖွဲ့က တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း
အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
❏ တန်ဆောင်တိုင် ၁၀
ရက်အတွက် ဝိုင်ဖိုင်ကြေး ၆ လစာ ပေးဆောင်နေရ
.
တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ၁၀ ရက် အသုံးပြုနိုင်ရန်အတွက်
ဝိုင်ဖိုင်အင်တာနက်လိုင်း များ တပ်ဆင်အသုံးပြုရာတွင် ၆ လစာ ပေးဆောင်နေရသဖြင့်
ပွဲတော်အတွင်း ဈေးရောင်းချသူများ၊ ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် သတင်းမီဒီယာ
လုပ်ငန်းများအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
No comments:
Post a Comment