.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
.
၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ဘောဇသာမဏေကျော်
စာမေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သာမဏေ အပါး ၁၃၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲပြီး
၅၇၃ ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
.
ငွေရတုအထိမ်းအမှတ် သာမဏေကျော်စာမေးပွဲ၏ ရေးဖြေ
စာမေးပွဲကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာလ ၃ ရက်မှ
သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာလ ၅ ရက်အထိ တောင်ကြီးမြို့၊ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့်
သံဃာတော်များအတွက် ဘွဲ့တံဆိပ်၊ စာအောင်ဆက်ကပ်ခြင်းနှင့် ဒုတိယအဆင့်၊ ပထမအဆင့်
အောင် ရှင်သာမဏေများကို အောင်လက်မှတ် ဆက်ကပ်ခြင်း၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းခြင်း
အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဆုနှင်းသဘင် ကျင်းပပြီးနောက် စာအောင်
သာမဏေများအား မြို့လယ်ဓမ္မာရုံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်
မြို့မဈေးတစ်ပတ် လှည့်လည်အပူဇော်ခံကြွချီရာ တောင်ကြီးမြို့နေ ဒေသခံများက ဆွမ်းဆန်စိမ်း
လောင်းလှူခဲ့ကြကြောင်း သိရသည်။
.
၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ဘောဇသာမဏေကျော်
စာမေးပွဲ ပထမအဆင့်တွင် ဖြေဆိုသူ ၉၀၁ ပါးရှိသည့်အနက် ၄၄၂ ပါး အောင်မြင်ခဲ့ပြီး ဒုတိယအဆင့်တွင်
ဖြေဆိုသူ ၃၂၈ ပါးအနက် ၉၆ ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။
.
တတိယအဆင့်တွင် ဖြေဆိုသူ ၁၀ ၆ ပါး အနက် ၃၅ ပါး အောင်မြင်ခဲ့ပြီး
စုစုပေါင်း အဆင့် ၃ ဆင့်တွင် ဖြေဆိုသံဃာ ၁၃၃၀ ပါးအနက် ၅၇၃ ပါး ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ကမ္ဘောဇသာမဏေကျော် စာမေးပွဲကို ၁၉၉၉ ခုနှစ်တွင်
ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး COVID-19
ကပ်ရောဂါကာလ အပါအဝင် ၃ နှစ်ခန့် ရပ်နားထားခဲ့ရသည့်အတွက် ယခု ၂၀၂၆ ခုနှစ်တွင် ၂၅
နှစ်မြောက် ငွေရတု အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment