မြို့တော် တောင်ကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြူနှင်းများ ကျဆင်းနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 10, 2026

မြို့တော် တောင်ကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြူနှင်းများ ကျဆင်းနေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းနေပြီး မြူနှင်းများ ကျရောက်မှုကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် မြင်ကွင်းများ ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

.

.

မိုးအဆက်မပြတ် ရွာသွန်းပြီး မြင်ကွင်း မရှင်းလင်းမှုကြောင့် မြို့ပေါ်လမ်းမများတွင် ယာဉ်အသွားအလာ နည်းပါးနေပြီး မဖြစ်မနေ သွားလာရသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဂရုပြု မောင်းနှင် သွားလာရန် လိုအပ်နေကြောင်း သိရသည်။

.

မြို့တော်တောင်ကြီး အပြင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းဖြစ်ပြီး နေရာ အချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

.

No comments:

Post a Comment

Pages