စဝ်စံထွန်းဈေးအတွင်း နှစ်လုံးထီလောင်းကစားပြုလုပ်သူတစ်ဦး ဖမ်းဆီးခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 10, 2026

စဝ်စံထွန်းဈေးအတွင်း နှစ်လုံးထီလောင်းကစားပြုလုပ်သူတစ်ဦး ဖမ်းဆီးခံရ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဈေးအတွင်း ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နေ့လယ်ပိုင်းက နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

.

.

တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်က တောင်ကြီးမြို့, စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဈေးဝင်း အတွင်းရှိ ဆန်းသစ်ပိုင် (ခ) ကိုပိုင် ၏ ဆိုင်ခန်းအား ဝင်ရောက်ရှာဖွေ ခဲ့ကြောင်း သိရသည်။

.

ထိုသို့ ရှာဖွေရာတွင် ဆိုင်ရှင် ဆန်းသစ်ပိုင် (ခ) ကိုပိုင်အား တရားမဝင် နှစ်လုံးထီ လောင်းကစား ပြုလုပ်သည့် ဆက်စပ် ပစ္စည်းများ၊ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ တရားမဝင် နှစ်လုံးထီလောင်းကစားမှတ်တမ်း နှင့် လောင်းကစားငွေကြေး ပေးပို့ထားသည့် မှတ်တမ်းများ၊ လောင်းကစားငွေကြေး ၃၄၅၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တရားမဝင် နှစ်လုံးထီလောင်းကစား ပြုလုပ်သူ ဆန်းသစ်ပိုင် (ခ) ကိုပိုင် အား တောင်ကြီးနယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages