.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက လက်ကိုင်ဖုန်းဖြင့် စလောဂိမ်းကစား၍ ငွေကျပ်
၂ သောင်းကျော် လောင်းကစားပြုလုပ်ထားသူ အမျိုးသား ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
.
.အောင်ပန်းနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီခန့်က အောင်ပန်းမြို့ပေါ်ရပ်ကွက်များအတွင်း
နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၉)၊ သီတာလမ်းတွင် ယင်းအမျိုးသားအား
တားဆီးစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
.
ဖမ်းဆီးခံရသူမှာ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊
ထန်းတောကြီးကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာနေ မျိုးကျော် ဆိုသူဖြစ်ကြောင်း သိရပြီး
၎င်းကိုင်ဆောင်ထားသည့် Samsung အမျိုးအစား လက်ကိုင်ဖုန်းအတွင်း
Fishing Union SLOT ဂိမ်းလောင်း ကစား ဆော့ဝဲဖြင့် ငွေကျပ်
၂၂၈၀၀ ပေးသွင်းကာ လောင်းကစားပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသားအား
အောင်ပန်းနယ်မြေရဲစခန်းတွင် လောင်းကစား ဥပဒေ ၁၅ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment