.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
တရုတ်နိုင်ငံက ဒီလမှာ သက်တမ်းကုန်မယ့်
မြေရှားသတ္တုနဲ့ ဆက်စပ်တဲ့ တင်ပို့ထိန်းချုပ်မှု ကင်းလွတ်ခွင့်တွေကို နိုဝင်ဘာ ၉
ရက်မှာ နောက်ထပ် ၂ လ တိုးပြီး ဇန်နဝါရီ ၁၀ ရက်အထိ ဆိုင်းငံ့ထားမယ်လို့ ကြေညာပါတယ်။
.
.ဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်တို့ ထိပ်သီးတွေ့ဆုံပြီးနောက် ရရှိထားတဲ့ ကျယ်ပြန့်တဲ့
သဘောတူညီချက်ထဲက အစိတ်အပိုင်းတချို့ကို ဆက်လက်ထားရှိတာ ဖြစ်ပါတယ်။
.
တရုတ်က ရှားပါးသတ္တုတချို့ကို
တင်ပို့ထိန်းချုပ်မှုတွေကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စတင်ခဲ့ပြီး အဲဒီနှစ်
အောက်တိုဘာလ ထိ ထပ်မံတိုးချဲ့ခဲ့ပါတယ်။ အဲဒီနောက် မြေရှားသတ္တုတွေအပြင်
စက်မှုလုပ်ငန်းသုံး စိန်တချို့နဲ့ လီသီယမ်ဘက်ထရီ နည်းပညာတွေကိုပါ ထိန်းချုပ်မှုထဲ
ထည့်သွင်းခဲ့ပါတယ်။
.
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ
တောင်ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပြီးနောက် အဲဒီထိန်းချုပ်မှုတွေကို တစ်နှစ်ကြာ
ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။
.
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဒီဆိုင်းငံ့မှုကို
ဇန်နဝါရီ ၁၀ ရက်အထိ ၂ လ ထပ်တိုးမယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့
အသေးစိတ်တော့ မပြောခဲ့ပါဘူး။
.
ဒီဆုံးဖြတ်ချက်ဟာ တရုတ်နဲ့ အမေရိကန်ကြား
ရေရှည်ကုန်သွယ်ရေးသဘောတူညီချက် ရရှိဖို့ ဆွေးနွေးနေချိန်မှာ တရုတ်ဘက်က
ကုန်သွယ်ရေးတုံ့ပြန်မှုတွေနဲ့ အခွန်အကောက်တချို့ကို ဆိုင်းငံ့ထားမယ်လို့ ကြေညာတဲ့
အစီအစဉ် ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
.
ထရမ့်ဟာ ဒီလနှောင်းပိုင်းမှာ တရုတ်နိုင်ငံ
ရှန်ကျန်းမြို့ကို သွားပြီး APEC ခေါင်းဆောင်များအစည်းအဝေး
တက်ရောက်ဖို့ရှိသလို ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။
.
Ref – CNA
.

No comments:
Post a Comment