.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
အီရတ်နိုင်ငံက အီရန်နဲ့ နယ်စပ်ဖြတ်သန်းတဲ့
ရှီးဘ်နယ်စပ်ဂိတ်ကို လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်တွေ၊
လုပ်ထုံးလုပ်နည်းတွေ ပြီးစီးသွားပြီးနောက် အင်္ဂါနေ့မနက်မှာ ပြန်ဖွင့်မယ်လို့
အီရတ် နယ်စပ်ဂိတ်များအာဏာပိုင်အဖွဲ့ အကြီးအကဲက နိုင်ငံပိုင်သတင်းဌာန INA ကို ပြောပါတယ်။
.
.အဲဒီအာဏာပိုင်အဖွဲ့က အီရန်နဲ့ နယ်စပ်ဖြတ်သန်းတဲ့
မန်ဒလီဂိတ်ကိုတော့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြီးစီးဖို့အတွက်
သောကြာနေ့ကစပြီး ယာယီပိတ်ထားမယ်လို့ INA က ဖော်ပြပါတယ်။
.
ဒီအခြေအနေတွေဟာ အီရတ်နိုင်ငံခြားရေးဝန်ကြီး
ဖွအဒ် ဟူစိန်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ အီရန်နဲ့ နယ်စပ်ဂိတ် ၂
ခုကလွဲပြီး ကျန်ဂိတ်အားလုံးကို ပိတ်ဖို့ ဘဂ္ဂဒက်ကို တောင်းဆိုထား တယ်လို့
ပြောပြီးနောက် ဖြစ်လာ တာပါ။ ဒါဟာ အီရန်အပေါ် စီးပွားရေးဖိအား တိုးမြှင့်ဖို့
အမေရိကန်ရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
.
ဟူစိန်က အီရန်နဲ့ တရားဝင်ရော တရားမဝင်ရော
နယ်စပ်ဂိတ်တွေ အများကြီးရှိတာကြောင့် အားလုံး ပိတ်ဖို့ဆိုတာ ခက်ခဲပြီး
အီရတ်စီးပွားရေးကိုလည်း ထိခိုက်နိုင်တယ်လို့ အယ်လ်ဂျာဇီးယားကို ပြောပါတယ်။
အမေရိကန်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်ဖို့ ဆက်လက်တောင်းဆိုနေပြီး အခုလက်ရှိမှာ အမေရိကန်နဲ့
ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
.
အီရတ်ဟာ မှောင်ခိုကုန်သွယ်မှုကို တားဆီးဖို့
လုံခြုံရေးအခြေအနေတွေ ပြန်လည်စစ်ဆေးပြီး စစ်ဆေးရေးကိရိယာတွေ တပ်ဆင်ဖို့အတွက်
ရှီးဘ်နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့လက ပိတ်ထားခဲ့တာပါ။
.
ဒါပေမယ့် ရှီးဘ်ဂိတ် ပြန်ဖွင့်တာနဲ့ မန်ဒလီဂိတ်
ယာယီပိတ်တာဟာ အမေရိကန်ရဲ့ တောင်းဆိုချက်နဲ့ ဆက်စပ်မှုရှိ၊ မရှိတော့
လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
.
Ref – Reuters
.

No comments:
Post a Comment