.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ နောင်ဒေး-မိုင်းပျဉ်းသွားကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက မြေသားနိမ့်ကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ ကြောင်း
သိရသည်။
.
.
နောင်ဒေးကျေးရွာအုပ်စု၊ နောင်ဒေးကျေးရွာမှ
မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆောတော ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်
ကျောက်လမ်း၏ မိုင်တိုင် (၅/၄) အနီးတွင် လမ်းအရှည် ပေ ၄၀ ခန့်၌ ရေစီးကြောင်းဖြစ်ပေါ်ပြီး
မြေသားနိမ့်ကျကာ လမ်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် လမ်းပျက်စီးမှုကြောင့် အိမ်စီးကားငယ်များ
ရှောင်ကွင်းသွားလာနိုင်ဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှု မရှိကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ် အပါအဝင် ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment