ကလောချောင်းရေ ပြန်ကျပြီးနောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 11, 2026

ကလောချောင်းရေ ပြန်ကျပြီးနောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ကလောချောင်ရေ ပြန်ကျပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများ၊ ဒေသခံများမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

.

ကလောမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပလောင်ဈေးလမ်းတွင် ရေကျပြီးနောက် တင်ကျန်ရစ်သည့် နုန်းနှင့် အမှိုက်များ အား စုပေါင်းရှင်းလင်းဖယ်ရှားလျက်ရှိပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကလောတွင် သန့်ရှင်းရေး များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်က ကလော ချောင်းရေ မြင့်တက်လာပြီး အမှတ် (၄) ရပ်ကွက်၊ ပလောင်ဈေးတန်း အနိမ့်ပိုင်းနေရာအချို့တွင် ရေဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages