.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်
ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာရှိ
သမိုင်းဝင် မွေတော်ကက္ကူစေတီတော် ရင်ပြင်အနီးရှိ သက်တမ်းရင့် ညောင်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.လုံးပတ် ၂၅ ပေ၊ အမြင့် ပေ ၁၀၀ ခန့်ရှိ နှစ်ပေါင်း
၁၀၀ ခန့် သက်တမ်းရှိ အဆိုပါ ညောင်ပင်ကြီးမှာ အမြစ်မှလန်ကာ လဲကျခဲ့ခြင်းဖြစ်ပြီး လူနှင့်
တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.
ညောင်ပင်လဲကျရာနေရာ၌ ကျောက်တလုံးကြီးနယ်မြေရဲစခန်း
တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်း၍ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှု မရှိခဲ့ကြောင်း
သိရသည်။
.
.jpg)
No comments:
Post a Comment