.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
မြို့တော် တောင်ကြီး အပါအဝင် ရှမ်းတောင်ဒေသအတွင်း
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌
မြေပြိုမှုနှင့် အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂)၊ ရတနာထွန်းလမ်းသွယ်ရှိ
တစ်ထပ်သွပ်မိုးအိမ် တစ်လုံးပေါ်သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက် အစောပိုင်းက လမ်းမြေ
ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက
ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကြီးဂေါက်ကလပ် အုတ်တံတိုင်း အနည်းငယ်
ပြိုကျပျက်စီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ
တောင်ကြီးဂေါက်ကလပ်၏ အမြင့် ၇ ပေခန့်ရှိ တောင်ဘက် အုတ်တံတိုင်း အလျား ၁၅ ပေခန့်
ပြိုကျခဲ့ခြင်းဖြစ်ပြီး တန်ဖိုး ကျပ် ၁၀ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ အုတ်တံတိုင်း ပြိုကျပျက်စီးမှုကြောင့်
လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘဲ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ
ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ည ၉ နာရီခန့်က
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ရှုခင်းသာပန်းခြံ အုတ်တံတိုင်း အနီးရှိ ယူကလစ်ပင်တစ်ပင်
ပြည်ထောင်စုလမ်းမပေါ်သို့ လဲကျခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း
သိရသည်။
.
နိုဝင်ဘာ ၉ ရက်မှစ၍ ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး
ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်လည်း
ရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment