ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုကြောင့် ဂျပန်စစ်အင်အားတိုးချဲ့ရေး အခက်တွေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုကြောင့် ဂျပန်စစ်အင်အားတိုးချဲ့ရေး အခက်တွေ့

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

.

ဂျပန်နိုင်ငံက စစ်အင်အားတိုးချဲ့ပြီး ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ကြိုးပမ်းနေပေမဲ့ အမေရိကန်က လက်နက်ပစ္စည်း တွေ ပို့ဆောင်မှု နှောင့်နှေးနေတာနဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်ရေး အခက်အခဲတွေကြောင့် အစီအစဉ်တွေ အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ကြုံနေရကြောင်း လေ့လာသူတွေက သတိပေးပါတယ်။

.

.

ဂျပန်အစိုးရဟာ  ၅ နှစ်တာ ကာကွယ်ရေးအင်အားတည်ဆောက်ရေး စီမံကိန်းသစ်ကို ရေးဆွဲနေပေမဲ့ ယန်းငွေတန်ဖိုး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ လက်နက်ဝယ်ယူစရိတ် မြင့်တက်လာမှုတွေကြောင့် သတ်မှတ်ထားတဲ့ ဘတ်ဂျက် အတွင်း လက်နက်အားလုံး ဝယ်ယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

.

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ဂျပန်နိုင်ငံထုတ် Kawasaki P-1 ရေကြောင်းကင်းလှည့်လေယာဉ် တစ်စင်းရဲ့ ဝယ်ယူစရိတ်ဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ယန်း ၃၀ ဒသမ ၅ ဘီလီယံရှိရာကနေ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ယန်း ၄၆ ဘီလီယံအထိ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

.

ဒါ့အပြင် အမေရိကန်နဲ့ အစိုးရချင်း လက်နက်ဝယ်ယူရေးအစီအစဉ်အောက်မှာ မှာယူထားတဲ့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စစ်ဘက်သုံးပစ္စည်း အမှာစာ ၁၁၈ ခုဟာ စာချုပ်ချုပ်ဆိုပြီး ၅ နှစ်ကျော်ကြာတဲ့အထိ ပို့ဆောင်မပေးနိုင်သေးဘူးလို့ ဂျပန်စာရင်းစစ်အဖွဲ့က ဖော်ပြထားပါတယ်။

.

Ritsumeikan Asia Pacific တက္ကသိုလ်က ပါမောက္ခ ယိုအိချိရို ဆာတိုက အမေရိကန်ရဲ့ လက်နက်သိုလှောင်မှု လျော့နည်းနေတဲ့အတွက် Tomahawk ခရုဇ်ဒုံးကျည်တွေ အပါအဝင် လက်နက်ပို့ဆောင်မှုတွေ နောက်ကျနေတာလို့ ပြောပါတယ်။

.

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကလည်း ဂျပန်ကို ပို့ဆောင်ပေးမယ့် Tomahawk ဒုံးကျည် ၄၀၀ အထိဟာ အမေရိကန်ရဲ့ လက်နက်လက်ကျန်တွေ ပြန်လည်ဖြည့်တင်းနေရတာကြောင့် ၂ နှစ်အထိ နောက်ကျနိုင် ကြောင်း ပြီးခဲ့တဲ့ မေလမှာ ပြောကြားထားပါတယ်။

.

ဒါ့အပြင် F-35 တိုက်လေယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ စစ်ဘက်သုံး ဒရုန်းတွေမှာလည်း ပို့ဆောင်ရေးနဲ့ အပိုပစ္စည်းရရှိရေး အခက်အခဲတွေ ရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ မှာယူထားတဲ့ F-35B လေယာဉ် ၄၂ စင်းအနက် ၈ စင်းသာ ရရှိထားပြီး ၃၄ စင်း ကျန်ရှိနေသေးတယ်လို့ ၂၀၂၆ ခုနှစ် ကာကွယ်ရေးအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

.

ဂျပန်နိုင်ငံရဲ့ Kawasaki P-1 ရေကြောင်းကင်းလှည့်လေယာဉ်တွေမှာလည်း အပိုပစ္စည်းမလုံ လောက်မှုကြောင့် စစ်ဆင် ရေးတာဝန် ထမ်းဆောင်နိုင်တဲ့ အခြေအနေဟာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိနေပါတယ်။ အသုံးပြုနေတဲ့ လေယာဉ် အစင်း ၄၀ ခန့်အနက် တစ်ဒါဇင်လောက်သာ အပြည့်အဝ အသုံးပြုနိုင်တယ်လို့ တိုကျိုမြို့ Institute of Geoeconomics က သုတေသီ ရင်တာရို အီနိုးအဲက ပြောပါတယ်။

.

အခုလို အခက်အခဲတွေကြောင့် ဂျပန်ရေတပ်ဟာ တခြားလေယာဉ်တွေက အပိုပစ္စည်းတွေကို ဖြုတ်ယူပြီး လိုအပ်တဲ့ လေယာဉ်တွေမှာ ပြန်လည်တပ်ဆင်အသုံးပြုနေရတယ်လို့ သူက ဆိုပါတယ်။

.

တစ်ဖက်မှာလည်း ဂျပန်အစိုးရဟာ ရေကြောင်းပိုင်နက်တစ်လျှောက် စောင့်ကြည့်ထောက်လှမ်းနိုင်ဖို့ MQ-9B SeaGuardian ဒရုန်း ၁၇ စင်း ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄ ဘီလီယံ လျာထားပါတယ်။

.

Japan Forum for Strategic Studies က အကြီးတန်းသုတေသီ ဂရန့် နယူးရှမ်ကတော့ ဂျပန်အနေနဲ့ အမေရိကန် အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ လက်နက်ထု တ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ သင့်တယ်လို့ ပြောပါတယ်။

.

အမေရိကန်အပေါ် လုံးဝမှီခိုမှုကင်းဖို့ မဖြစ်နိုင်ပေမဲ့ ကြိုးပမ်းမယ်ဆိုရင် လက်ရှိမှီခိုနေရမှုနဲ့ လက်နက်ပစ္စည်းပြတ်လပ်မှု တွေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကို စစ်ရှုံးတာနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးတာထက် ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ ကုန်ကျစရိတ်ခံတာက ပိုမိုသက်သာလိမ့်မယ်လို့လည်း ပြောကြားထား ပါတယ်။

.

Ref – South China Morning Post

.

No comments:

Post a Comment

Pages