ချားလ်စ်မုန်တိုင်းကြောင့် ပေါ်တူဂီတွင် လေယာဉ်ခရီးစဉ် ၂၀၀ ကျော်ဖျက်သိမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 12, 2026

ချားလ်စ်မုန်တိုင်းကြောင့် ပေါ်တူဂီတွင် လေယာဉ်ခရီးစဉ် ၂၀၀ ကျော်ဖျက်သိမ်း

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

.

ပေါ်တူဂီမှာ ချားလ်စ်မုန်တိုင်း ဝင်ရောက်လာတာကြောင့် နိုဝင်ဘာ ၁၁ ရက်က လေယာဉ်အဝင်အထွက် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ပြီး ကျောင်းတွေ၊ စူပါမားကတ်နဲ့ စီးပွားရေးလုပ်ငန်း ရာနဲ့ချီလည်း ပိတ်ထားခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

.

.

မုန်တိုင်းဟာ ခန့်မှန်းထားတာထက် အားနည်းခဲ့ပေမဲ့ ပေါ်တူဂီအစိုးရက အရေးပေါ်ဝန်ဆောင်မှုနဲ့ စစ်တပ်တပ်ဖွဲ့တွေကို အသင့်ပြင်ထားပြီး စာသင်ခန်းတွေ၊ မရှိမဖြစ် မဟုတ်တဲ့ အစိုးရဝန်ဆောင်မှုတွေကို  ပိတ်ခဲ့သလို ပြည်သူတွေကိုလည်း အိမ်ထဲမှာနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

.

ပေါ်တူဂီ မိုးလေဝသဌာနက ချားလ်စ်မုန်တိုင်းရဲ့ အလယ်ဗဟိုဟာ အတ္တလန္တိတ်သမုဒ္ဒရာပေါ်မှာ နှစ်ပိုင်းကွဲသွားတာ ကြောင့် အားလျော့ပြီး တောင်ပိုင်း အယ်လ်ဂါဗေးဒေသကနေ ဝင်ရောက်လာ တယ်လို့ ပြောပါတယ်။ မုန်တိုင်းဟာ ပေါ်တူဂီတောင်ပိုင်းနဲ့ လစ္စဘွန်းဒေသအများစုကို ညနေပိုင်းအထိ သက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

.

အရေးပေါ်ကာကွယ်ရေးဌာနကလည်း ရုတ်တရက်ရေကြီးတာ၊ လေပြင်းနဲ့ ပင်လယ်လှိုင်းကြမ်းတာ တွေကြောင့် အရေး ပေါ်အခြေအနေ အသင့်ပြင်ထားပြီး နိုဝင်ဘာ ၁၁ ရက် မနက်သန်းခေါင်ကတည်းက ဖြစ်စဉ် ၅၃၈ ခု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

.

ချားလ်စ်မုန်တိုင်းဟာ မာဒီရာကျွန်းစုကို အရင်ဖြတ်သန်းခဲ့ပြီး ရေကြီးတာနဲ့ သစ်ပင်လဲကျတာတွေ ဖြစ်ခဲ့ပါတယ်။ ရေ တွေ ဂိုဒေါင်ထဲဝင်လာတာကြောင့် ရေစီးနဲ့ မျောပါသွားတဲ့ အမျိုးသားတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင် နိုင်ခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။

.

တစ်ဖက်မှာလည်း ပေါ်တူဂီနဲ့ အိမ်နီးချင်း စပိန်နိုင်ငံတွေဟာ တနင်္ဂနွေနေ့ကတည်းက ဘရူနာမုန်တိုင်းကြောင့် မိုးသည်းထန်တာနဲ့ ရင်ဆိုင်နေရပါတယ်။ လစ္စဘွန်းမြို့မှာ လမ်းတချို့နဲ့ လမ်းမအောက်က ဥမင်လိုဏ်ခေါင်းတွေ ရေကြီးခဲ့ပြီး အများစုကို နိုဝင်ဘာ ၁၁ ရက်မှာ ပိတ်ထားခဲ့ပါတယ်။

.

ချားလ်စ်မုန်တိုင်းဟာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းမှာ စပိန်နိုင်ငံ အနောက်တောင်ပိုင်းကို ရောက်နိုင်တယ်လို့ ခန့်မှန်း ထားပြီး မိုးသည်းတာ၊ လေပြင်းနဲ့ ပင်လယ်လှိုင်းကြမ်းတာတွေကြောင့် ပြင်းထန် သို့မဟုတ် အလွန်ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ စပိန်မိုးလေဝသဌာနက သတိပေးထားပါတယ်။

.

စပိန်နိုင်ငံအလယ်ပိုင်းမှာလည်း ဆည်ရေလျှံနိုင်တဲ့အန္တရာယ်ကြောင့် နေအိမ်တွေကနေ ဖယ်ရှားထားတဲ့ ပီဒရာလားဗက်စ်မြို့က လူ ၃,၀၀၀ ကျော်ကို ဆက်လက်ရွှေ့ပြောင်းထားပြီး မွန်းတည့်ချိန်ကစလို့ မိုးပိုသည်းလာ နိုင်တယ်လို့ သတိပေးထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages