.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်
.
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ
i Car ဝပ်ရှော့တွင် ယမန်နေ့ နိုဝင်ဘာလ ၇ ရက်၊ ည ၁၀ နာရီခွဲခန့်က
မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းဆိုင်မှ လုံခြုံရေးဝန်ထမ်းက မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။
.
.ဆိုင်လုံခြုံရေးဝန်ထမ်း ဟိန်းသူထက် ဆိုသူက ဝပ်ရှော့တွင်
ပြုပြင်ရန် ထားရှိသည့် မော်တော်ယာဉ်တစ်စီးအား မီးရှို့ရာမှ စတင် လောင်ကျွမ်း ခြင်းဖြစ်သည်ဟု
မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို မီးသတ်တပ်ဖွဲဝင်များ၊
တာဝန်ရှိသူများ၊ ပြည်သူများက မီးသတ်ရေယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး တိုဖြင့်
ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြသဖြင့် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။
.
ယင်းမီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ Super
Custom အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး နှင့် ဟန်ဆင်း 110 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး၊ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး
ငွေကျပ် ၈၂ သိန်းခန့်ရှိသည်ဟု မီးသတ် တပ်ဖွဲ့က တွက်ချက်ထားသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးရှို့သူ ယင်းဆိုင်မှ
လုံခြုံရေးဝန်ထမ်း ဟိန်းသူထက်အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၃၆
ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment