.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
ထိုင်းနိုင်ငံ ခွန်ကဲန်တက္ကသိုလ်က
ပထမနှစ်ကျောင်းသား သနဖွန် ဘတ်စရီချာဟာ အမေရိကန်အာကာသ အေဂျင်စီ NASA ရဲ့ ကွန်ပျူတာစနစ်မှာ XSS ဆိုတဲ့
ဆိုက်ဘာလုံခြုံရေးချို့ယွင်းချက်ကို တွေ့ရှိပြီး တာဝန်ယူမှုရှိရှိ သတင်းပေးခဲ့ တာကြောင့်
NASA က နိုဝင်ဘာ ၅ ရက်မှာ ကျေးဇူးတင်စာ ပေးပို့ခဲ့ပါတယ်။
.
.
“nullbyt3z” ဆိုတဲ့ အွန်လိုင်းနာမည်နဲ့
လုပ်ဆောင်ခဲ့တဲ့ ကျောင်းသားဟာ ဝက်ဘ်စာမျက်နှာတွေထဲ အန္တရာယ်ရှိတဲ့ ကုဒ်တွေ
ထည့်သွင်းနိုင်တဲ့ XSS ချို့ယွင်းချက်ကို
တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက ချို့ယွင်းချက်ကို အသုံးချတာ ဒါမှမဟုတ် အများပြည်သူကို
ထုတ်ဖော်တာမလုပ်ဘဲ NASA ရဲ့ တရားဝင်လုံခြုံရေးလမ်းကြောင်းကနေ
တိုက်ရိုက် သတင်းပေးခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်ကလည်း ဒါဟာ “တာဝန်ယူမှုရှိတဲ့
ချို့ယွင်းချက်ဖော်ထုတ်မှု” ဖြစ်တယ်လို့ ပြောပါတယ်။
.
ကျောင်းသားက ဒီချို့ယွင်းချက်ကို ရှာဖွေဖို့
တစ်လခန့် ကြိုးစားခဲ့ရပြီး ကမ္ဘာ့အဆင့်အဖွဲ့အစည်းတစ်ခုရဲ့ စနစ်လုံခြုံရေး အတွက်
ကူညီနိုင်ခဲ့တာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ခွန်ကဲန်တက္ကသိုလ်ကတော့ ဒီဖြစ်ရပ်ဟာ
ကျောင်းသားတွေရဲ့ နည်းပညာကျွမ်းကျင်မှုနဲ့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ် နှစ်ခုလုံးကို
ပြသတာဖြစ်တယ်လို့ ပြောပါတယ်။
.
Ref – Bangkok Post
.

No comments:
Post a Comment