ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဝေဠုဝန်ကျောင်း ဆရာတော်ကို တင်မြှောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, March 18, 2026

ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဝေဠုဝန်ကျောင်း ဆရာတော်ကို တင်မြှောက်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

.

ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၏ ဥက္ကဋ္ဌ ဆရာတော်အဖြစ် တောင်ကြီးမြို့၊ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီရိဓမ္မာဘိပါလ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

.


.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ကမ္ဘောဇ သာသနာ့လင်္ကာရဗိမာန်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်က ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၏ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

.

ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အပါအဝင် ဒုဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်နှင့် တွဲဘက်အကျိုးတော်ဆောင် ဆရာတော်များကို ပြည်နယ်ဝန်ဆောင် ဆရာတော်များက ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ပြည်နယ်ဥက္ကဋ္ဌ နေရာကို ရွေးချယ်ရာမှာ မင်းကျောင်းဆရာတော် ဦးနာယကနဲ့ ဝေဠုဝန်ကျောင်းဆရာတော် ဦးသီရိဓမ္မာဘိပါလ တို့ကို အပြိုင်တင်သွင်းရာမှာ၊ အပြိုင်ဖြစ်တဲ့အတွက် သံစည်း/လုပ်ထုံးလုပ်နည်းများနှင့် အညီ မဲခွဲရာမှာ ဦးသီရိဓမ္မာဘိပါလ က မဲ ၇၀ ကျော် ထောက်ခံမဲရလို့  ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်တာပါ။ ဒုဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်နဲ့ တွဲဘက် အကျိုးတော်ဆောင်တွေကိုလည်း တင်မြှောက်ကြပါတယ်။" ဟု ရှမ်းပြည်နယ် သာသနာရေးဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တောင်ကြီးမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီရိဓမ္မာဘိပါလ အားလည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ် လားရှိုးမြို့၊ ပန်အုပ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဇိနောရဌလင်္ကာရ အားလည်းကောင်း၊ အကျိုးတော်ဆောင်အဖြစ် တောင်ကြီးမြို့၊ မင်းကျောင်းဆရာတော် ဘဒ္ဒန္တ နာယက အားလည်းကောင်း၊ တွဲဘက်အကျိုးတော်ဆောင်အဖြစ် ကျိုင်းတုံမြို့၊ ဝေါ်ကွပ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ပညိန္ဒ အားလည်းကောင်း အသီးသီး ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

“သံဃာနာယကအဖွဲ့ သက်တမ်းက ၁၂ နှစ် ရှိတယ်။ အဲဒါကို ၃ နှစ် တစ်ကြိမ် ရွေးချယ်ရတယ်၊ ၆ နှစ် တစ်ကြိမ် သံဃဆန္ဒ ခံယူရတယ်။” ဟု သာသနာရေးဦးစီးဌာနနှင့် နီးစပ်သူက ရှင်းပြသည်။

.

ထို့အပြင် ဘုန်းတော်ကြီးကျောင်း တစ်ခုမှ ဆရာတော် တစ်ပါးသာလျှင် သံဃနာယကအဖွဲ့တွင် ပါဝင်ခွင့် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

.

ရှမ်းပြည်နယ်သံဃနာယက အဖွဲ့တွင် ဆရာတော် ၁၃ ပါး၊ ပြည်နယ်ဝန်ဆောင် ဆရာတော် ၁၅၁ ပါး ရှိကြောင်း သိရသည်။

. 

No comments:

Post a Comment

Pages