လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 22, 2026

လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားများအား ယနေ့ မတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

.

.

နယ်မြေလုံခြုံရေးတပ်ဖွဲ့များသည် လဲချားမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ယနေ့ မတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့် အကွာ၌ တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နှင့် ၂၁ ရက်တို့ကလည်း လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ အနီးတွင် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်လ ၂ဝ ရက်က ကောင်းစံကျေးရွာအနီး သိမ်းဆည်းရမိခဲ့သည့် တရားမဝင်အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ အား မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages