တောင်ကြီး-ပင်ငို သွားလမ်းတွင် အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 22, 2026

တောင်ကြီး-ပင်ငို သွားလမ်းတွင် အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံး

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ တောင်ကြီး-ပင်ငိုသွားလမ်းတွင် ယနေ့ မတ်လ ၂၂ ရက်၊ ညနေ ၃ နာရီခန့်က အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ တောင်ကြီး-ပင်ငိုသွားလမ်းရှိ တောင်ကြီး-ဟိုပုံး သွယ်တန်းထားသည့် ဗို့အား ၁၁၀၀၀ ရှိ လျှပ်စစ်ဓာတ်မီးတိုင်မှ မီးကြိုးတစ်ချောင်းသည် လေတိုက်ခတ်မှုကြောင့် မြေပြင်နှင့် ၃ ပေ အကွာအထိ လျှော့ကျနေချိန်တွင် ပင်ငိုကျေးရွာနေ ခွန်ကျော်ထူး မောင်းနှင်ပြီး ခွန်ဖြိုးအောင် လိုက်ပါစီးနင်း လာသည့် မော်တော်ဆိုင်ကယ်သည် လျှပ်စစ်ဓါတ်ကြိုးအား ဝင်ရောက်ချိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လျှပ်စစ်မတော်တဆမှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦးတွင် ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နှင့် ခြေထောက်များတွင် ဒဏ်ရာများဖြင့် ဓါတ်လိုက်ကာ အခင်းဖြင့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

သေဆုံးသူ ၂ ဦးအား ဆန္ဒဗွေလူမှုကူညီရေးအသင်း ယာဉ်ဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ဓါတ်လိုက်သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages