လားရှိုးတွင် မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 30, 2026

လားရှိုးတွင် မီးလောင်မှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁) တွင် ယမန်နေ့ မတ်လ ၂၉ ရက်၊ ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၁၆) လမ်းမတော်လမ်းတွင် ယမန်နေ့ မတ်လ ၂၉ ရက်၊ ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။

. 

No comments:

Post a Comment

Journal Download

Photo of three cats

Pages