.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏
မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို
ယနေ့ ဧပြီလ ၁၃ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က
အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊
တာဝန်ရှိသူများက အတာရေများ ပက်ဖြန်းပြီး ယိမ်းအကအဖွဲ့များက သင်္ကြန်အကအလှများဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊
တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
.
တောင်ကြီးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင်
လမ်းလျှောက်သင်္ကြန်အပြင် မြန်မာ့ရိုးရာ ထမနဲသင်္ကြန်၊ သနပ်ခါးကမ်းပိန်း၊
လက်ဖက်ကမ်းပိန်း၊ ကော်ဖီကမ်းပိန်း တို့ကို ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
.



No comments:
Post a Comment