တောင်ကြီးမြို့ စူဠာမုနိရင်ပြင်၌ စတုဒိသာ လှူဒါန်းမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, April 13, 2026

တောင်ကြီးမြို့ စူဠာမုနိရင်ပြင်၌ စတုဒိသာ လှူဒါန်းမည်

 


တောင်ကြီးမြို့စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင် သင်္ကြန်ပွဲတော်ကာလအတွင်း နေ့စဉ် စတုဒိသာ လှူဒါန်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

KBZ Foundation ၁၈ ကြိမ်မြောက် စတုဒိသာလှူဒါန်းပွဲ အဖြစ် သင်္ကြန်ကာလ ဧပြီ၁၃ ရက် (အကြိုနေ့)မှ ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့အထိ ဘုရားဖူး ဧည့်သည် များပြားလေ့ရှိသော စူဠာမုနိရင်ပြင်တွင် ရက်တိုင်တိုင် စတုဒိသာလှူဒါန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။



ဧပြီ၁၃ ရက် (အကြိုနေ့)တွင် ကျောက်ကျောနှင့် ဖျော်ရည်၊ ဧပြီ၁၄ ရက် (အကျနေ့)တွင် ကြာဇံကြော်၊ ပဲလိပ်နှင့် ဖျော်ရည်၊ ဧပြီ၁၅ ရက် (အကြတ်နေ့)တွင် ဆီချက်၊ ပဲပလာတာနှင့်ဖျော်ရည်၊ ဧပြီ၁၆ ရက် (အတက်နေ့)တွင် ပြောင်းဖူးထမင်းကြော်၊ ပဲ/သကြား ပလာတာ၊ ဖျော်ရည်နှင့် ဧပြီ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့တွင် ကျောက်ကျော၊ ဖျော်ရည် စသည်တို့ကို လှူဒါန်းကျွေးမွေး သွားမည် ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment

Pages