.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်
.
တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံအနီးရှိ
ဆေးခန်းတစ်ခုတွင် ယမန်နေ့ ဧပြီလ ၂၆ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦး၏ လွယ်အိတ် ခိုးယူခံရမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“မနေ့ (ဧပြီ ၂၆ ရက်) ည ၆ နာရီ ၄၅ မိနစ်လောက်က အမျိုးသမီးနှင့်
ကလေးဆေးရုံကြီးရှေ့က မေမေ ဆေးခန်းမှာ ပစ္စည်းလေး ခဏဝင်ထားတာကို အိတ်လိုက် မ သွားတာပါ။
ပိုက်ဆံတွေကတော့ ပြန်မလိုချင် ပါဘူး။ အဓိက ကကတော့ မှတ်ပုံတင်နဲ့ ဝန်ထမ်းကတ်လေးပဲ ပြန်လိုချင်တာပါ။
ရဲလည်း မတိုင်ပါဘူး။ သူတို့ ပေးရခက်နေ ရင် ဆေးခန်းရှေ့မှာပဲဖြစ်ဖြစ်၊ အမျိုးသမီးနဲ့
ကလေးဆေးရုံကြီး တစ်ဝိုက် မှာပဲ ဖြစ်ဖြစ် ထားပေးပါလို့ ပြောချင်ပါတယ်” ဟု အိတ်ခိုးယူခံရသူက
ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ လုယက်ခံရသည့် အိတ်အတွင်း ငွေသားများ၊ ဖုန်းနာရီ၊
အသုံးအဆောင်အချို့နှင့် ဝန်ထမ်းကတ်၊ မှတ်ပုံတင်တို့ ပါဝင်သွားကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းကလည်း တောင်ကြီးမြို့၊
အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရမှု
ဖြစ်ပွားခဲ့သေးသည်။
.


No comments:
Post a Comment