.
၂၀၂၆
ခုနှစ်၊ ဧပြီလ ၂၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် ယနေ့ ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့်
သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.လဲချားမြို့၊
အမှတ် (၄) ရပ်ကွက်၊ ဗထူးလမ်းတွင် ယနေ့ ဧပြီလ ၂၇ ရက်၊ နံနက် ၆ နာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့်
သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လဲချားမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့်
ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယမန်နေ့
ဧပြီ ၂၆ ရက်နှင့် ယနေ့ ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့်
နေပြည်တော်၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် နေအိမ်များနှင့်
လမ်းမများပေါ်သို့ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
.


No comments:
Post a Comment