တောင်ကြီး၌ သင်္ကြန်အကြိုနေ့တွင် မတော်တဆမှု လူနာ ၄ ဦး ရှိခဲ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Tuesday, April 14, 2026

တောင်ကြီး၌ သင်္ကြန်အကြိုနေ့တွင် မတော်တဆမှု လူနာ ၄ ဦး ရှိခဲ့



ယမန်နေ့ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့တွင် တောင်ကြီးမြို့၌ မတော်တဆမှု လူနာ ၄ ဦး ရှိခဲ့ပြီး လူနာများ အားလုံး စိုးရိမ်ရခြင်း မရှိကြောင်း သိရသည်။

.

“ ၄ ယောက် ရှိတယ်။ အန္တရာယ်တော့ မရှိပါဘူး၊ မစိုးရိမ်ရပါဘူး။ ဆေးရုံရဲ့ ပုံမှန်လုပ်ငန်းတွေ လည်ပတ်နေသလို သင်္ကြန်ကာလ ၄ ရက်အတွက်လည်း အရေးပေါ်အတွက်ရော အားလုံး စီစဉ်ထားပါတယ်။”ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ထို့အပြင် ခွဲစိတ်ခန်းများ ဆောင်ရွက်ရန် လိုအပ်ပါကလည်း  ၂၄ နာရီ အသင့် ကြိုတင်စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

.

တောင်ကြီးမြို့၌ ယမန်နေ့က ယာဉ်တိမ်းမှောက်သည့် ဖြစ်စဉ်အချို့ ရှိသော်လည်း အများစုမှာ ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ယင်းတို့အနက် ၄ ဦးမှာ ဆေးရုံသို့ မစိုးရိမ်ရသည့် လူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။

.

မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် ကိုက်ညီမှု မရှိသော ဝတ်စားဆင်ယင်မှုများ၊ ကြမ်းတမ်းစွာ ရေကစားမှုများ၊ မူးယစ်သောက်စား ရမ်းကားမှုများ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားမှုများ မရှိရအောင် မြန်မာ့ရိုးရာ ယာဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သွားရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုးထိန်စိုးက ဗဟိုမဏ္ဍပ်ဖွင့်ပွဲ မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုထားသည်။

.

No comments:

Post a Comment

Pages