လားရှိုးသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ဝင်ကြေး ကောက်ခံနေ၍ ဝေဖန်ခံနေရ၊ စည်ပင်က မကောက်ဟု ငြင်းဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, April 14, 2026

လားရှိုးသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ဝင်ကြေး ကောက်ခံနေ၍ ဝေဖန်ခံနေရ၊ စည်ပင်က မကောက်ဟု ငြင်းဆို



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ လွတ်လပ်ရေးပန်းခြံ အတွင်း၌ ပြုလုပ်ထားသည့် သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ ဝင်ရောက် ကြည့်ရှုသူများကို အခကြေးငွေ ကောက်ခံနေသဖြင့် ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။

.

“နေ့ပိုင်းတော့ ကောက်တာ မတွေ့ရဘူး၊ ညပိုင်းတော့ ကောက်တယ်။ ညပိုင်း ကောက်တာက အစပိုင်း တစ်ဦးကို ၁၀၀၀၀ ကျပ် ကောက်တယ်၊ နောက်ပိုင်း လူထုက ဝေဖန်နေကြလို့လားတော့ မသိဘူး၊ ၂၀၀၀ (ကျပ်) ဖြစ်သွားတယ်။ ကနဦး ဝင်ထားတဲ့သူတွေကတော့ ငွေ ပြန် မရတော့ဘူးပေါ။”ဟု လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

.

အဆိုပါ လားရှိုးသင်္ကြန် ဗဟိုမဏ္ဍပ် တည်ရှိရာ လွတ်လပ်ရေးပန်းခြံ အတွင်းသို့ ဝင်ရောက်သူများကို ငွေကြေး ကောက်ခံမှုအပေါ် လားရှိုးဒေသခံများကလည်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများ ရှိနေသည်။

.

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင်မူ “ မဟုတ်ပါဘူး။ လူတွေကလည်း ပိုက်ဆံ ၁၀ သိန်းလောက်ပေးပြီး ဆိုတဲ့ ဝိုင်းတွေကြတော့ အသံက မထွက်ဘူး၊ ဒီမှာကြ ဟိုတင် ဒီတင်နဲ့ လိုက်အော်နေကြတာရော။ မဟုတ်ဘူး၊ သွားကြည့်၊ လာကြည့်ဗျာ။ ကောက်လား၊ မကောက်လားဆိုတာကို။ မကောက်ဘူးလို့၊ လူတွေက အယုံလွယ်ကြတာရော။ တစ်ယောက် အော်လိုက်တာနဲ့ လိုက် ဖျက်ဆီးနေကြတယ်။”ဟု ပြောဆိုသည်။

.

လားရှိုးမြို့၌ ဗဟိုမဏ္ဍပ်အပြင် ရပ်ကွက်(၉)တွင် ဝင်ကြေး ရယူ၍ ပြုလုပ်သည့် ပုဂ္ဂလိကမဏ္ဍပ် တစ်ခု တည်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages