လားရှိုးတွင် လူသတ်၊ ဓါးပြတိုက်၊ လုယက်မှုများ ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, April 11, 2026

လားရှိုးတွင် လူသတ်၊ ဓါးပြတိုက်၊ လုယက်မှုများ ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်

.

လားရှိုးမြို့နှင့် အနီးတစ်ဝိုက် မြို့နယ်များတွင် လူသတ်မှု၊ ဓားပြမှုနှင့် လုယက်မှုများ အပါအဝင် ရာဇဝတ်မှု ၁၁ ခုအား ဦးဆောင်ကျူးလွန်ခဲ့သူ တစ်ဦးကို လားရှိုးခရိုင်တရားရုံးက ထောင်ဒဏ် ၁၂၂ နှစ်နှင့် ၃ လ ချမှတ်ခဲ့ ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ မူဆယ်မြို့နှင့် မိုင်းရှူးမြို့များတွင် ဖြစ်ပွားခဲ့သော လူသတ်မှု၊ ရွှေထည်နှင့် ဖုန်းများ ဓားပြတိုက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုမှု အပါအဝင် စုစုပေါင်း အမှု ၁၁ မှုတွင် ဦးဆောင် ပါဝင်သူဟု ယူဆရသူ မောရှည် (ခ) အားခီ (ခ) သားသား (ခ) အောင်မျိုး (ခ) ကေတီယိုအား လားရှိုးခရိုင် တရားရုံးက စုစုပေါင်း ထောင်ဒဏ် ၁၂၂ နှစ်၊ ၃ လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်မြေ အေးချမ်း တည်ငြိမ်မှု အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ လားရှိုးမြို့ပေါ်နှင့် အနီးတဝိုက် မြို့နယ်များတွင် ဓါးပြမှု၊ လူသတ်မှု၊ လုယက်မှု အစရှိသော ရာဇဝတ်မှုများ ထူပြောလျက်ရှိပြီး တရားခံဖမ်းဆီးရမိခြင်း မရှိသည့် မှုခင်းများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စွာ နေထိုင်နေရကြောင်း သိရသည်။

.

No comments:

Post a Comment

Pages