တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံအတွင်း ရပ်ထားသည့် ဆိုင်ကယ် ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, April 20, 2026

တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံအတွင်း ရပ်ထားသည့် ဆိုင်ကယ် ခိုးယူခံရ


တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းက ခိုးယူခံရကြောင်း သိရသည်။

.
ခိုးယူခံရသည့် ‌မော်တော်ဆိုင်ကယ်မှာအလုပ်သင် ဆရာ၀န် တစ်ဦး၏ Honda Dream 125 အနက်ရောင် အမျိုးအစား ဖြစ်ပြီး ဆေးရုံဝန်း အတွင်း၌ ရပ်ထားစဉ် နံနက် ၃ နာရီကျော်ခန့်က ခိုးယူခံရခြင်း ဖြစ်သည်။
.
" ကျွန်တော့် ဂျူတီက ၆ နာရီခွဲ ၀င်ရတာပေါ့။ ည ၁၀ နာရီကျော်တဲ့အထိ ဆိုင်ကယ်က ရှိနေသေးတယ်။ မွေးခန်းမှာ ကလေးမွေးပြီး မနက် ၆ နာရီခွဲ ဂျူတီ ထွက်လာတော့ ဆိုင်ကယ်က မရှိတော့ဘူး။ ဇက်သော့ရော၊ ကြိုးသော့ပါ ခတ်ထားတာပါ။ ကြိုးသော့ပါ ဖြတ်ပြီး ခိုးသွားတာ။" ဟု ဆိုင်ကယ် ခိုးယူခံရသူ ဆရာ၀န်က ပြောသည်။
.
CCTV မှတ်တမ်းတွင်မူ အမျိုးသား ၂ ဦး မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ တစ်ဦးမှ အခြေအနေ စောင့်ကြည့်ကာ ကျန်တစ်ဦးက ဝင်ရောက် ခိုးယူပြီးနောက် အတူ ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်ကို တွေ့ရသည်။
.
အဆိုပါ ခိုးယူခံရသည့် မော်တော်ဆိုင်ကယ်မှာ ဆေးရုံ၀န်း အတွင်းပိုင်းကျသည့် နေရာတွင် ဇက်သော့နှင့် ကြိုးသော့ပါ တွဲခတ်ထားသော်လည်းခိုးယူခံရသည့်အတွက် လုံခြုံရေးပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေကြောင်း သိရသည်။
.
ဆိုင်ကယ်ခိုးယူခံရမှုနှင့် ပတ်သက်၍ ‌တောင်ကြီးမြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်းလည်း သိရသည်။
.

No comments:

Post a Comment

Pages