ဆိုင်ကယ်ပေါ် အတက်အဆင်းလုပ်တဲ့ အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်နေတဲ့ ထိုင်းက ကယ်ရီသမား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 3, 2026

ဆိုင်ကယ်ပေါ် အတက်အဆင်းလုပ်တဲ့ အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်နေတဲ့ ထိုင်းက ကယ်ရီသမား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်

.

ထိုင်းနိုင်ငံအတွင်းက ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်ဟာ သူ့ရဲ့ဆိုင်ကယ်ပေါ်ကို အမျိုးသမီးတွေ အတက်အဆင်း လုပ်နေတဲ့ ပုံတွေကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်ထားပြီး အွန်လိုင်းပေါ် တင်နေတာကြောင့် ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။

.

.

Rider Rai Wa Rai Nia ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာက ဗီဒီယိုတွေမှာပါတဲ့ Screenshot တွေကို မျှဝေခဲ့ပြီး အခုမြင်နေရတာက ဘာမှမဟုတ်သေးဘူးလို့ထင်ရပေမဲ့၊ မတင်ရသေးတဲ့တခြား ဗီဒီယိုတွေလည်း အများကြီး ရှိလိမ့်ဦးမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” ဆိုတဲ့စာသားကိုပါ တင်ခဲ့တာပါ။

.

ကယ်ရီမောင်းသူက သူ့ရဲ့အနောက်ကျောဖက်မှာ အပေါ်ဖက်ဆီ စောင်းရိုက်ထားတဲ့ လျှို့ဝှက်ကင်မရာ တစ်လုံးကို တပ်ဆင်ထားခဲ့တာဖြစ်ပြီး စကပ်အတို ဝတ်ဆင်ထားတဲ့ မိန်းကလေးတွေအနေနဲ့ ဆိုင်ကယ်ပေါ် တက်လိုက်တဲ့အခါ မြင်ရတဲ့မြင်ကွင်းကို သူ့ရဲ့ Tiktok အကောင့်မှာ အကြိမ်ကြိမ်တင်ခဲ့တာလို့ သိရပါတယ်။

.

အဲဒီ ဗီဒီယိုတွေထဲမှာ ကျောင်းသူ၊ တက္ကသိုလ်ကျောင်းသူတွေ အပါအဝင် ခရီးသည်တွေ ဆိုင်ကယ်ပေါ် အတက်အဆင်းလုပ်နေတဲ့ မြင်ကွင်းတွေ ပါဝင်နေတာပါ။

.

သူတင်တဲ့ ဗီဒီယိုတွေမှာ အမျိုးသားရော အမျိုးသမီးတွေပါ ပါနေပေမယ့်လည်း လူအများစုရဲ့ အာရုံစိုက်မှု အများဆုံး ရရှိခဲ့တဲ့ ဗီဒီယိုတွေကတော့ မိန်းကလေးငယ်လေးတွေရဲ့ စကပ်အောက်ပိုင်းကို မြင်နိုင်သလို ဖြစ်နေတဲ့ ဗီဒီယိုတွေပဲ ဖြစ်နေတာပါ။

.

ဒီ ဗီဒီယိုတွေ ထွက်လာပြီးတဲ့နောက် လူမှုကွန်ယက်ပေါ်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေကို ပြုလုပ်နေကြပြီး ဒီလိုရိုက်ကူးခြင်းဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက်ခြင်းဖြစ်သလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တစ်မျိုး ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။ ဒါ့အပြင် ရိုက်ကူးထားတာတွေထဲက တချို့မိန်းကလေးတွေဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေဖြစ်နေတာကြောင့်လည်း ကြည့်ရှုမိသူတွေကို ပိုပြီး ဒေါသထွက်လာ စေခဲ့တာပါ။

.

ဝေဖန်မှုတွေ အရမ်းများလာတဲ့အချိန်မှာတော့ ကယ်ရီသမားက လူသိရှင်ကြားတောင်းပန်တဲ့ ဗီဒိယိုတစ်ခုကို တင်ခဲ့ပြီး နောက်ကို ဒီလိုမျိုး ထပ်ပြီးလုပ်မှာမဟုတ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages