တောင်ကြီးမြို့၌ စုံ/မစနစ် မလိုက်နာသည့် မော်တော်ယာဉ်များအား ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, April 20, 2026

တောင်ကြီးမြို့၌ စုံ/မစနစ် မလိုက်နာသည့် မော်တော်ယာဉ်များအား ဖမ်းဆီး


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စုံ/မ စနစ်အား မလိုက်နာသည့် မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူနေလျက် ရှိကြောင်း သိရသည်။

.

“ စုံ/မစနစ် မလိုက်နာဘူးဆိုရင် ယာဉ်မောင်းလိုင်စင်၊ ဒါမှမဟုတ် ယာဉ်သက်သေခံလက်မှတ်ကို သိမ်းတယ်။ သိမ်းပြီးတော့ ချလန်ပေးတယ်။ ပြီးတော့ တောင်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲတင်ပို့တယ်။ တရားရုံးက ဒဏ်ငွေရိုက်တယ်၊ အဲဒီကြရင် သိမ်းထားတဲ့ဟာကို ပြန်ထုတ်ပေးပါတယ်။ ဒီနေ့ စစ်တာကတော့ ကားကို အဓိက စစ်ပါတယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ဖမ်းဆီးရာတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအပြင် အခြားဌာနများ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခြင်း ဖြစ်ပြီး ယနေ့ ဖမ်းဆီးအရေးယူသည့် အရေအတွက်မှာ ၂၇ မှု ဖြစ်ပြီး လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသည်ဟုလည်း ၎င်းထံက သိရသည်။

.

ယင်းကဲ့သို့ စုံ/မစနစ်နှင့် ပတ်သက်၍ စစ်ဆေး အရေးယူနေမှုအပေါ် ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။

.

No comments:

Post a Comment

Pages