လင်းခေးမြို့ နမ့်တိန်းချောင်းအတွင်း ရေနစ်သူကလေးကို သေဆုံးလျက် ပြန်တွေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, April 20, 2026

လင်းခေးမြို့ နမ့်တိန်းချောင်းအတွင်း ရေနစ်သူကလေးကို သေဆုံးလျက် ပြန်တွေ့


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ရှိ နမ့်တိန်းချောင်းအတွင်း ဧပြီလ ၁၇ ရက်က ရေနစ်သူ ကလေးကို သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း လင်းခေးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။

.

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နံနက် ၁၁ နာရီ ဝန်းကျင်ခန့်က နမ့်တိန်းချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သွားသည့် ကလေးငယ်ကို မီးသတ်တပ်ဖွဲ့က ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရာ ယမန်နေ့ ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းတွင် အလောင်းအား ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ရေနစ် သေဆုံးသွားသည့် ကလေးမှာ လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်နေ အသက် ၁၂ ခန့် အရွယ် စိုင်းပိုင်ခမ်း ဖြစ်ကြောင်း သိရသည်။

.

[ Source - လင်းခေးမီးသတ်]

No comments:

Post a Comment

Pages