.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မနက်ဖြန်
ဧပြီလ ၂၇ ရက်၌ လျှပ်စစ်မီး အချိန်ပိုင်းအားဖြင့် ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီက
ကြေညာထားသည်။
.
.ဓာတ်အားသုံးစွဲသူ ပြည်သူများ
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ပျောက်ဆုံးယူနစ် လျော့ကျရေးတို့အတွက်
မီးလင်းရေးဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်း ယခင်သွယ်တန်း
အသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းနှင့်
လိုအပ်သော ကြားတိုင် ထပ်တိုး စိုက်ထူခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်သဖြင့်
ယင်းကဲ့သို့ လျှပ်စစ်မီး အချိန်ပိုင်း ဖြတ်တောက် ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ဆောင်ရွက်ရာတွင် ပုန်းထွန်ရပ်ကွက်၊
ငွေစေတီလမ်း၊ ငွေတောင်ဦးကျောင်းရှေ့မှ စဝ်စံထွန်းလမ်း တစ်လျှောက်သွယ်တန်းထားသော 22
KV ဓာတ်အားလိုင်းတွင် ယခင်သွယ်တန်း အသုံးပြုထားသော ACSR-50 sqmm လိုင်းကြိုးများအား SAC-185 sqmm လိုင်းကြိုးများဖြင့်
အဆင့်မြှင့်တင်အစားထိုးလဲလှယ်ရန်၊ လိုအပ်သောကြားတိုင်ထပ်တိုး စိုက်ထူခြင်း
လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။
.
သို့ဖြစ်၍ လုပ်ငန်းများဆောင်ရွက်စဉ်
ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းမြို့မဈေးအပိုင်းအချို့၊ မင်္ဂလာလမ်း တစ်လျှောက်၊
မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား အစိတ်အပိုင်းအချို့၊ ပုန်းထွန်ရပ်ကွက်၊
စဝ်စံထွန်း လမ်းမကြီးတစ်လျှောက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာထိ
လုပ်ငန်းလို အပ်ချက်အရ ဧပြီ ၂၇ ရက်နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီအချိန်ထိ
အချိန်ပိုင်း ဓာတ်အားဖြတ်တောက်မည် ဖြစ်ပြီး လုပ်ငန်းများဆောလျင် စွာပြီးစီးလျှင်
ဓာတ်အားသုံးစွဲပြည်သူများအား အမြန်ဆုံး ဓာတ်အား ပြန်လည် ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။
.
မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ထိုင်း-မြန်မာနယ်စပ်
တာချီလိတ်မြို့တွင် ကိုယ်ပိုင် မီးလင်းရေး အစီအစဉ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.


No comments:
Post a Comment