.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင်
ယနေ့ ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင် မိသားစုများ
စုပေါင်း၍ အခြေခံစားသောက်ကုန်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.ကမ္ဘာ့လောင်စာဆီ အကြပ်အတည်းကြောင့် အခြေခံ စားသောက်ကုန်များကို
ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူ သုံးစွဲနေကြသည့် ဒေသခံပြည်သူများ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်
ရည်ရွယ်၍ ယင်းကဲ့သို့ ပေးအပ်လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းရာတွင်
ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်မှူး ဦးအေးမောင်နှင့်အဖွဲ့ဝင် မိသားစုတို့က ရပ်ကွက်နေ ဒေသခံပြည်သူများအား
ဆန်၊ ဆီ၊ ကြက်ဥတို့ကို လက်ရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင် ရပ်ကွက်နေပြည်သူ
အိမ်ထောင်စု ၄၀၀ အတွက် ဆန် ၂၀ ကီလိုတစ်အိတ်စီ၊ ဆီ တစ်ကီလို တစ်ဘူးစီ၊ ကြက်ဥ ၁၀
လုံးစီတို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.


No comments:
Post a Comment