.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်
ယမန်နေ့ ဧပြီလ ၂၄ ရက်က စိုက်ပျိုးသူ တောင်သူများအား စက်သုံးဆီ ၂၇၆ ဂါလံကို လက်ဝယ်အရောက်
ရောင်းချပေးခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ ရှမ်းပြည်နယ်
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးရုံးတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊
မိုင်းသော်အရှေ့ကျေးရွာအုပ်စုအတွင်းရှိ ဧပြီလ နွေစပါး စိုက် တောင်သူများအတွက် စက်သုံးဆီများကို
ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဖြန့်ဖြူးပေးရာတွင် မိုင်းသော်အရှေ့ကျေးရွာအုပ်စုအတွင်းရှိ
နွေစပါးစိုက်တောင်သူ ၆၉ ဦး၏ လယ် ၂၇၆ ဧက အတွက် တစ်ဧကလျှင် တစ်ဂါလံနှုန်းဖြင့် စုစုပေါင်း
၂၇၆ ဂါလံ ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်
လိုအပ်သည့် စက်သုံးဆီများကို တောင်သူများ လက်ဝယ်အရောက် လစဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းကို ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်
ဆေးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးသိန်းဝင်း နှင့် တောင်ကြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
မြို့နယ် ဦးစီးမှူး၊ တောင်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနမှူး၊ ရွှေညောင်မြို့အုပ်ချုပ်ရေးမှူးတို့က
ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးဒေသတွင်လည်း
ဧပြီလ ၂၃ ရက်တွင် တောင်သူများအတွက် စက်သုံးဆီ ဖြန့်ဖြူးပေးသည်ဟု သိရသော်လည်း
ကမ္ဘောဇတိုင်း အနေဖြင့် အသေးစိတ် အချက်အလက် များကို မသိရသေးပေ။
.
တောင်ကြီးမြို့နယ်အတွင်း မိုးစပါး စိုက်ဧက ၂
သောင်းခန့်ရှိပြီး ရွှေညောင်မြို့တွင် အများဆုံးတည်ရှိကာ အစေ့ထုတ်ပြောင်းဧက
တစ်သိန်းခန့်နှင့် မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာ စိုက်ပျိုးမှုများလည်း ရှိကြောင်း
သိရသည်။
.


No comments:
Post a Comment