ညောင်ရွှေအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၀၈ ဦး လွတ်မြောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, April 17, 2026

ညောင်ရွှေအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၀၈ ဦး လွတ်မြောက်


ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၀၈ ဦးသည် ယနေ့ ဧပြီလ ၁၇ ရက်တွင် နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။

.

အဆိုပါ ညောင်ရွှေအကျဉ်းထောင်မှ လွတ်မြောက်လာသူများ၏ ပြစ်ဒဏ်ကျခံရသည့် ပုဒ်မများကိုမူ မသိရသေးဘဲ အကျဉ်းသား ၉၈ ဦး၊ အကျဉ်းသူ ၁၀ ဦး၊ စုစုပေါင်း ၁၀၈ ဦး ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ တောင်ကြီးအချုပ်ထောင်မှ အကျဉ်းသား ၁ ဦး၊ တောင်လေးလုံးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း (ရဲဘက်)မှ အကျဉ်းသား ၃၀ ဦးတို့လည်း လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဥ်းသား/သူ ၄၃၃၅ ဦးနိုင်ငံခြားသား အကျဥ်းသား/သူ ၁၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး သေဒဏ် ပြစ်ဒဏ်ကျခံနေရသူများ ကို ထောင်ဒဏ် တစ်သက်၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူများနှင့် ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လည်း‌ကောင်း၊ ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ် ၏ ခြောက်ပုံ တစ်ပုံအား လျှောပေါ့ ကျခံစေရန် လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းလည်း သိရသည်။

.

No comments:

Post a Comment

Pages