အောင်ပန်းမြို့ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈)တောင် စေတီတော်မြတ်ကြီး၏ ဌာပနာသွင်းလှူပူဇော်ပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, April 17, 2026

အောင်ပန်းမြို့ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈)တောင် စေတီတော်မြတ်ကြီး၏ ဌာပနာသွင်းလှူပူဇော်ပွဲ ပြုလုပ်



ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈)တောင် စေတီတော်မြတ်ကြီး၏ ဌာပနာသွင်းလှူ ပူဇော်ခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ ဧပြီလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ပင်မစေတီတော်ကြီး၏ ထီးတော်တင်လှူပွဲကို ဧပြီလ ၃၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့တွင် ပင့်သံဃာ ၁၀၈ ပါးတို့ကို ဆွမ်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကာ ချက်ပြုတ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးတို့အတွက် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ လုပ်အားဒါနပြု ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။






အဆိုပါ သီရိမင်္ဂလာအောင်ချမ်းသာ စေတီတော်မြတ်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၏ အနောက်ဘက် တစ်မိုင် နှစ်ဖာလုံအကွာရှိ မြနန္ဒာကျောက်တောင်ပေါ်တွင် တည်ရှိပြီး အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်က ဦးစီးဦးဆောင် ပြုကာ ရွှေတိဂုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ခြင်း ဖြစ်ပြီး ပင်မစေတီတော်ကြီးနှင့် အရန်စေတီ စုစုပေါင်း ၁၆၈ ဆူ ရှိမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages