ကလောတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး အပြား ၅၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 11, 2026

ကလောတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး အပြား ၅၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ယနေ့ ဧပြီလ ၁၁ ရက်၊ နေ့လယ်ပိုင်းက WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀ ပြားအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ Nature Land Hotel အနီး ဇောတိကလမ်း အရောက် တွင် ခြေလျင်လမ်းလျှောက်လာသူ လွမ်းဝေစိုး (ခ)ငလုံး ဆိုသူအား စစ်ဆေးရာ ၎င်း ဝတ်ဆင် ထားသော Supreme စာတမ်းပါ နီညိုရောင်ဂျင်းအင်္ကျီ၏ ဝဲဘက်အတွင်း အိတ်ကပ်ထဲမှ Red & Blue ဆေးလိပ်ဘူးခွံ အတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၀ ပြား၊ အလေးချိ ၄ ဒသမ ၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချ သုံးစွဲရန် အလို့ငှာ လက်ဝယ်တွေ့ရှိသူ လွမ်းဝေစိုး(ခ)ငလုံး အား ကလောမြို့မရဲစခန်းတွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages