ယနေ့
မေလ ၁၅
ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းအရ ဓါတ်ဆီ
92 ဈေး ပြန်တက်၍ ဒီဇယ်ဈေးနှုန်းများ ဆက်လက် ကျဆင်းလာကြောင်း သိရသည်။
.
တောင်ကြီးမြို့၏
စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92
တစ်လီတာလျှင် ၄၆၈၀ ကျပ်မှ ၄၇၄၀ ကျပ်သို့ မြင့်တက်လာခြင်း ဖြစ်ပြီး၊ 95 တစ်လီတာလျှင် ၄၈၃၀ ကျပ်မှ ၄၈၂၅
ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၂၂၀ ကျပ်မှ ၄၉၉၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၂၅၀ ကျပ်မှ ၅၉၉၅ ကျပ်သို့ ဆက်လက် ကျဆင်းလာသည်ကို တွေ့ရသည်။
.
“ ဆီဈေးက ကျတယ်လို့တော့
ပြောလို့ မရနေသေးဘူး။ 92 ဆို ပြန်တောင် တက်လာသေးတယ်။ မှောင်ခို ဈေးကွက်ကတော့ ရှိနေဦးမှာပဲ။
ဆီပန့်တွေက လိုင်စင်မဲ့တွေကို ရောင်း မပေးတဲ့အတွက်ကြောင့်ပေါ့။ လိုင်စင်မဲ့တွေကို ရောင်း
မပေးတာကလည်း သာမန် ပြည်သူတွေကိုပဲ ရောင်း မပေးတာ။ အဲဒီတော့ ဒီကိစ္စက လည်ထွက်နေတာပေါ့။
အပြစ်လို့လည်း ပြောလို့ မရသလို၊ အပြစ်ကင်းတယ်လို့လည်း မပြောနိုင်ပြန်ဘူးပေါ့။”ဟု ဒေသခံ
တစ်ဦးက ပြောသည်။
.
စက်သုံးဆီ အရောင်းဆိုင်အချို့တွင်
ရည်ညွှန်းဈေးထက် မြှင့်တင်၍ ရောင်းချပေးနေမှုများလည်း ရှိနေကာ ယင်းလုပ်ရပ်သည် အမှန်အကန်
အရောင်း/အဝယ် ပြုလုပ်နေသည့် အရောင်းအဆိုင်များကို ထိခိုက်သည်ဟုလည်း ၎င်းက ဆိုသည်။
.
ပြင်ပ မှောင်ခိုဈေးကွက်တွင် စက်သုံးဆီ အရောင်းဆိုင်နှင့် နေရာဒေသအပေါ် မူတည်၍ ဓါတ်ဆီ တစ်လီလျှင် ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment