Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ် အလှမယ်နှင့် ပွဲကျင်းပရေး တာဝန်ရှိသူများကို စိစစ်ဖော်ထုတ် အရေးယူပေးနိုင်ရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနသို့ ညှိနှိုင်း မေတ္တာရပ်ခံထားသည်ဟု သိရသည်။
.
တာချီလိတ် အလှမယ် အိမွန်လွင် သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို သာသနာရေးဝန်ကြီးဌာနက ယင်းကဲ့သို့ ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။
.
မေလ ၄ ရက်က ကျင်းပခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲတွင် တာချီလိတ် အလှမယ်က သီလရှင်ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် မည်သည့် Supervisor နှင့် Admin တာဝန်ရှိသူများကိုမှ ကြိုတင် အကြောင်းကြားမှု မရှိဘဲ သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းနှင့် မြန်မာပြည်၏ လူဦးရေ အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်ခြင်းတို့ကြောင့် စာချုပ်ပါ စည်းကမ်းချက်များအရ ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
.
#KBZTai #Local #MGM
.
No comments:
Post a Comment