၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ အစ္စရေးစစ်တပ်ဟာ ပထမဆုံးအကြိမ် အဖြစ် လက်ဘနွန်နိုင်ငံရဲ့ လီတာနီ မြစ်ကို ကျော်ဖြတ်ပြီး စစ်ကြောင်းတွေ တိုးချဲ့ ဝင်ရောက်လာနေပါတယ်။
.
၂၀၀၆ ခုနှစ် အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်
လီတာနီမြစ်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပြီး အရေးပါတဲ့ မြို့ကြီး တစ်မြို့ဖြစ်တဲ့
နာဘာတီယာ ကို ပိတ်ဆို့ဖို့ ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိနေတာပါ။
.
လက်ဘနွန်စစ်ဖက်က သတင်းရင်းမြစ်တွေက အစ္စရေးဟာ လီတာနီ မြစ်ကို
ဖြတ်ကျော်နေကြောင်း စနေနေ့က အတည်ပြုခဲ့ပြီး လက်ရှိမှာ မြို့အပြင် နယ်နမိတ်တွေဆီကို
အစ္စရေးစစ်တပ်တွေ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ နာဘာတီယာ ဟာ လက်ဘနွန်တောင်ပိုင်း
စီးပွားရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ပြီး ရှီးရိုက် မွတ်ဆလင်အများစု
နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။
.
ဒီမြို့သာ ကျသွားမယ်ဆိုရင် လက်ဘနွန်အပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးပုံစံ
ပြောင်းလဲသွားမှာ ဖြစ်ပြီး အပစ်ရပ်စဲရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ရပ်
ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက မှတ်ချက်ပေးနေကြပါတယ်။
.
လက်ရှိအချိန်မှာ အစ္စရေးက နာဘာတီယာ မြို့ဝန်းကျင်မှာ
ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာပါ။ ဟစ်ဇ်ဘိုလာ
ဖက်ကလည်း အစ္စရေးရဲ့ ဒီကျူးကျော်ဝင်လာမှုကို လက် တုံ့ပြန်တယ်ဆိုပြီး
အစ္စရေးမြောက်ပိုင်းမှာ ရှိတဲ့ ရှာမိုနာမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
.
ဟစ်ဇ်ဘိုလာဆီမှာလည်း
အီရန်က ထောက်ပံ့ထားတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ရှိနေပြီး မနေ့က ညနေပိုင်းမှာပဲ
အစ္စရေးမြောက်ပိုင်း နာဘာရီရာမြို့မှာရှိတဲ့ စစ်ဖက်ဆိုင်ရာအဆောက်အဦးတွေကို
ဒုံးကျည်တွေနဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
.
Source – Aljazeera
.
#KBZTai #Shan #Israel #International

No comments:
Post a Comment