အာဆင်နယ်ကို ပင်နယ်တီနဲ့ အနိုင် ပိုင်းပြီးတော့ ၂ နှစ်ဆက် ချန်ပီယံ ဖြစ်လာတဲ့ PSG - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

အာဆင်နယ်ကို ပင်နယ်တီနဲ့ အနိုင် ပိုင်းပြီးတော့ ၂ နှစ်ဆက် ချန်ပီယံ ဖြစ်လာတဲ့ PSG


ဟန်ဂေရီနိုင်ငံ Puskás Arena ကွင်းမှာ ကစားခဲ့တဲ့ ဥရောပ ဘောလုံးလောကရဲ့ အမြင့်ဆုံးကလပ်ပြိုင်ပွဲ ဖြစ်တဲ့ UEFA Champions League ဗိုလ်လုပွဲမှာ အာဆင်နယ်ကို ပင်နယ်တီနဲ့ အနိုင်ပိုင်းခဲ့တဲ့ PSG အသင်းကတော့ ၂ နှစ်ဆက် ချန်ပီယံ ဖြစ်သွားပါပြီ။

.

အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၆ မိနစ်မှာ ကိုင်ဟာဗက်ဇ် က သွင်းယူခဲ့ပြီးတော့ ပွဲချန် ၆၅ မိနစ်မှာ ဒမ်ဘီလီ ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ PSG တို့ ချေပဂိုးကို ပြန်ယူခဲ့တာပါ။ ပွဲချိန် မိနစ် ၁၂၀ အတွင်း နှစ်သင်းစလုံး အခွင့်အရေးတွေ ရရှိခဲ့ကြပေမယ့် ၁-၁ သရေ ရလဒ်နဲ့ အနိုင် အရှုံး မပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြရာမှာ PSG အသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

.

ပင်နယ်တီ အဆုံးအဖြတ်မှာ အာဆင်နယ်အသင်းက လုံး လွဲချော်ခဲ့သလို PSG အသင်းကတော့ တစ်လုံးသာ လွဲချော်ခဲ့တာကြောင့် ၄-၃ ဂိုးနဲ့ PSG အသင်းက အနိုင်ရပြီး ချန်ပီယံ ဖြစ်လာခဲ့တာပါ။

.

PSG အသင်းဟာ ၂၀၂၅ ခုနှစ်မှာ ပထမဆုံး UEFA Champions League ဖလားကို ရရှိပြီးတဲ့နောက် အခုတစ်ကြိမ် အောင်ပွဲကြောင့် ဒုတိယအကြိမ်မြောက် ဥရောပချန်ပီယံ ဖြစ်လာခဲ့တာကြောင့် ဥရောပ ဘောလုံးလောကရဲ့ ထိပ်တန်းအသင်း တစ်သင်းအဖြစ် သူတို့ရဲ့ ရပ်တည်မှုကို ပိုမို ခိုင်မာစေခဲ့ပါတယ်။

.

အာဆင်နယ်ကတော့ နှစ် ၂၀ ကြာမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးထိ ကြိုးစားခဲ့ပေမယ့်လည်း ဒုတိယလူ အဖြစ်နဲ့ပဲ အင်ဆင်နယ်တို့ ကျေနပ်ခဲ့ရပါပြီ။

.

#KBZTai #Shan #ChampionsLeague  #PSG  #Arsenal

No comments:

Post a Comment

Pages