ဆီဆိုင်မြို့နယ်တွင် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ပူးပေါင်း‌ဆောက်လုပ်သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

ဆီဆိုင်မြို့နယ်တွင် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ပူးပေါင်း‌ဆောက်လုပ်သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာတွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မေလ ၂၈ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

လွှဲပြောင်းပေးအပ်ပွဲတွင် ကျောင်းဆောင်သစ်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ခွန်ဖိုးစိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်းနှင့် တာဝန်ရှိသူတိုက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရသစ်ပင်များစိုက်ပျိုးကာ ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့ ဒေသ ဆိုင်ရာစီမံကိန်း တာဝန်ခံတစ်ဦးမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

.

ဆက်လက်ပြီး ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့ တာဝန်ရှိသူမှ မြိုနယ်ပညာရေးမှူးထံသို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကုန်းသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်အား စေတနာအဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းဖြင့် အလျား ၆၀ ပေ၊ အနံ ၃၀ပေရှိ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း၊ ၃ ခန်းတွဲ၊ ရေလှောင်ကန် ၂ လုံး၊ အလံတိုင် ၁ တိုင်၊ ဆရာ/ဆရာမ စားပွဲ/ထိုင်ခုံ ၃ စုံ၊ ကျောင်းသား၊ ကျောင်းသူ စာရေးစားပွဲ/ထိုင်ခုံ ၂၄ စုံနှင့် White Board ၃ ချပ်တိုဖြစ်ပြီး နိပွန်ဖောင် ဒေးရှင်း (စေတနာ)အဖွဲမှ ပံ့ပိုးငွေကျပ် ၉၈၉၃၈၉၉၂ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages