အလယ်တန်းအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခြေခံများ သင်ကြားပေးသွားမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

အလယ်တန်းအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခြေခံများ သင်ကြားပေးသွားမည်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

အခြေခံပညာ အလယ်တန်းအဆင့်တွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခြေခံများ သင်ကြားပေးသွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် စိုင်းထိန်စိုးက ပြောဆိုခဲ့သည်။

,

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၉ ရက်က ‌တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းဆင့်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာများကို သင်ကြားနိုင်ရေးအတွက် အလယ်တန်းဆင့်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခြေခံကောင်းများ ရရှိနိုင်ရန် လိုအပ်သည်ဖြစ်ရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းဆင့် အတန်းများတွင် သင်ကြားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ချိတ်ဆက်သည့် သက်မွေးပညာ သင်ရိုးများကို သင်ကြားနိုင်ရေး ဆရာ၊ဆရာမများအား ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များ တွင် သင်တန်းပေးပြီးဖြစ်ကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများတွင် တစ်ထောင့်တစ်နေရာကနေ ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့ ပုံနှိပ်စာအုပ်များကို ပေးအပ်ပြီး တေးသီချင်းသီဆိုခဲ့သည့် ကျောင်းသား/သူများ၊ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များ၊ ကိန္နရိ ကိန္နရာ အကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages