ရွှေညောင်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 2, 2026

ရွှေညောင်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ မေလ ၁ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် ပူးပေါင်းအဖွဲ့သည် မေလ ၁ ရက်၊ နံနက် ၁၁ နာရီခန့်က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ(၁)၊ ငုဝါလမ်းမပေါ်တွင် စစ်ဆေးနေစဉ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအားတွေ့ရှိ၍ ရပ်တန့်စစ်ဆေးနေစရာ သန်းသန်းဝင်း(ခ) အူဝဲ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း၏ ယာဘက်လက်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား၊ အလေးချိန် ၉၀ ဂရမ်ခန့်အားတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သန်းသန်းဝင်း (ခ) အူဝဲ အား ရွှေညောင် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages