.
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
မြို့ရှောင်လမ်း၊ လေးမိုင်ကွေ့-နောင်တလိ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး
(မွေးမြူရေးဇုန်) လမ်းမှာ ဆိုးရွားစွာ ပျက်စီးနေပြီး အတက်အဆင်း၊ အကွေ့အကောက်
များကာ မတ်စောက်သည့်အတွက် ပြုပြင်ရန် လိုအပ်နေကြောင်း ယာဉ်မောင်းများထံက သိရသည်။
.
.အဆင်းလမ်းအဖြစ် အသုံးပြုနေသည့် အဆိုပါ
မြို့ရှောင်လမ်းတွင် တောင်ကြီးမှ လမ်းငါးဆုံအဝိုင်းအထိ လမ်းပိုင်းမှာ အသင့်အတင့်
ကောင်းမွန်သော်လည်း အဝိုင်းပတ်မှ မွေးမြူရေးဇုန်အထိ လမ်းတစ်လျှောက်မှာ အတက်အဆင်း
မတ်စောက်သည့်အပြင် ရေတိုက်စားမှုကြောင့် လမ်းကတ္တရာသားများ ပျက်စီးနေခြင်း၊
လမ်းဘေး ဖို့မြေနေရာများမှာ မြေသားမခိုင်ခန့်ဘဲ ရေတိုက်စားမှုကြောင့်
ပြိုကျခြင်းများ ရှိနေပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ်မည်ကို
စိုးရိမ်နေရကြောင်း သိရသည်။
.
“တောင်ကြီးမြို့ထဲကနေ အဝိုင်းပတ်လောက်အထိကတော့
အဆင်ပြေတယ်။ အဝိုင်းပတ်ကျော်ရင် ‘S’ ကွေ့တွေ၊
အဆင်းအတက်တွေနဲ့ လမ်းက အရမ်းမတ်စောက်တယ်။ လင်းကွင်းရွာကနေ မွေးမြူရေးဇုန်
ရောက်တဲ့အထိက တောက်လျှောက်အဆင်းချည်းချည်းပဲ ဆိုတော့ တော်တော်ကို သတိထားပြီး
မောင်းနေရ ပါတယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
.
အဆိုပါ မြို့ရှောင်လမ်းသည် လမ်းအရည်အသွေး
မပြည့်မီသည့်အပြင် လမ်းကြမ်းသည့်အတွက် ယာဉ်မတော် တဆမှုများ
မကြာခဏဖြစ်ပွားတတ်လေ့ရှိပြီး ယာဉ်မောင်းများအနေဖြင့် ဂရုပြုမောင်းနှင်ရန်
လိုအပ်ကြောင်း နှင့် လမ်းပိုင်းကျွမ်းကျင်သူများသာ မောင်းနှင်သင့်ကြောင်း
ယာဉ်မောင်းများက ပြောဆိုကြသည်။
.
ထို့အတူ အခြား ယာဉ်မောင်းတစ်ဦးကလည်း “လမ်းက
ဆိုးတယ်။ ကားငယ်တွေကျတော့လည်း အောက်ပိုင်း မလွတ်လို့ သွားမရဘူး။ ကားကြီးတွေကျတော့
အကွေ့အကောက်များလို့ အန္တရာယ်များတယ်။ ဘာကားမှကို သွားလို့မရတဲ့လမ်း၊
သုံးမရတဲ့လမ်းလို ဖြစ်နေတယ်။ အရည်အသွေး ပြည့်မီအောင် ပြင်ဆင်ပေးဖို့ လိုပါတယ်” ဟု
ပြောဆိုခဲ့သည်။
.
ယင်းမြို့ရှောင်လမ်းကို ကုန်တင်ယာဉ်ကြီးများ၊
တွဲယာဉ်များအတွက် အဆင်းလမ်းအဖြစ် အသုံးပြုနေခြင်း ဖြစ်ပြီး ယာဉ်ကြီးများအတွက်
အတက်လမ်းကို တောင်ကြီးအတက် ၂ ထပ်လမ်း၊ ထုံးဖိုဘက်မှသာ အချိန်ပိုင်း ဖြင့်
လွှတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment