ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြုလုပ်


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနဲ့ ခရိုင်များအလိုက် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒီနေ့ မေလ ၃၀ ရက်က စတင်ပြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။

.

ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်း နဲ့ လင်းခေးခရိုင်အသင်းတို့ ကစားခဲ့ကြပြီးတော့ ပြိုင်ပွဲကို မေလ ၃၀ ရက်ကနေ ဇွန် ရက်နေ့အထိ ကျင်းပမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်က ကြောညာထားပါတယ်။

.



ဖွင့်ပွဲအခမ်းအနားကိုလည်း ပြည်နယ်ကွင်းမှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး ပြည်နယ်တရားသူကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ဖိတ်ကြားထားသူတွေနဲ့ ပြိုင်ပွဲဝင်အသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

.




ဒီပြိုင်ပွဲကို အသင်းပေါင်း ၉ သင်းက အုပ်စုပတ်လည်စနစ်နဲ့ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပြီးတော့ ဘောလုံးဝါသနာရှင်တွေ အနေနဲ့ အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့လည်း ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်က နှိုးဆော်ထားပါတယ်။

.

Source/Photo – SSFA

.

#KBZTai #Shan #Football #Women

No comments:

Post a Comment

Pages