ဒီနေ့ ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ လားရှိုးတွင် နေအိမ်တံခါးရွက်များ ဖြုတ်ခိုးလာသူ ၂ ဦးကို ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်
ယမန်နေ့ မေလ ၂၉ ရက်၊ နံနက်အစောပိုင်းက အိမ်တံခါးရွက်များ ဖြုတ်ခိုးသယ်ဆောင်လာသူ ၂
ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
■ သမီးငယ်
မအိမ့်ချစ်သူကို ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်မည်
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ
(အလယ်တန်းအဆင့်) ၌ ရှမ်းပြည်နယ် ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆု
ရရှိခဲ့သည့် တောင်ကြီးမြို့၊ အေးမြကရုဏာဓမ္မစကူးလ်မှ
သမီးငယ်လေး မအိမ့်ချစ်သူအား စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုနိုင်ရေး
ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
■ ၁၉ နှစ်အရွယ် ကစားသမားလေးကို
အံ့အားသင့်ဖွယ် ရှုံးပြီး ပြင်သစ်အိုးပင်းကနေ ထွက်ခဲ့ရတဲ့
ဂျိုကိုဗစ်
နာမည်ကျော် ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲတွေထဲက တစ်ပွဲ ဖြစ်တဲ့
ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ် က အသက် ၁၉ နှစ်အရွယ်
ဘရာဇီးတင်းနစ်သမား ဖွန်ဆီကာ ကို ၂-၃ နဲ့ ရှုးပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။
.
#KBZTai #Shan #Broadcasting
.
Link
- https://youtu.be/qwIIt1jciMg
No comments:
Post a Comment