တာချီလိတ်တွင် ဘိုးဘွားများနှင့် အငြိမ်း စားနိုင်ငံဝန်ထမ်းဟောင်း အသင်းဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

တာချီလိတ်တွင် ဘိုးဘွားများနှင့် အငြိမ်း စားနိုင်ငံဝန်ထမ်းဟောင်း အသင်းဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေး

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ခန်းမတွင် ယနေ့ မေလ ၂၉ ရက်၊ နံနက်ပိုင်းက ဘိုးဘွားများနှင့် အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းအသင်းဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေးတာဝန်ခံ၊ UBL,BLF Company မန်နေးဂျင်း ဒါရိုက်တာ၊ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန်(ပထမ)အဆင့် ဦးဘိုလေး က ဘိုးဘွားများ၏ ကျန်းမာရေးကောင်းမွန်စေရေး၊ ရောဂါများကို ကြိုတင်စစ်ဆေးကာ အချိန်မီကုသနိုင်ရေး၊ အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းများ၏ လူမှုဘဝ ဖူလုံစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ဖြင့် ကူညီစောင့်ရှောက်ပေးခြင်းနှင့် ဆေးဝါး ကုသိုလ်ပြု လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

.

ထို့နောက် တာချီလိတ်မြို့မှ ဒေသခံစေတနာရှင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက  ဘိုးဘွား ၂၅ ဦးနှင့် အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းအသင်းဝင် ၁၆ ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။

.

ယင်းနောက် ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်က ဘိုးဘွားများအား ၇ ကြိမ် မြောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ဆေးဝါးကုသိုလ်ပြုလှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ရာ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန်(ပထမ)အဆင့် ဦးဘိုလေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages