၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်
.
ဒီနေ့ ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ သုတစုံလင်
ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲမှာ တောင်ကြီးမြို့က မအိမ့်ချစ်သူ
ပထမဆု ဆွတ်ခူး
ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ မေလ ၂၈
ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ
နောက်ဆုံးအဆင့်ပွဲစဉ်မှာ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူ ပထမဆု
ဆွတ်ခူးသွားခဲ့ပြီး ဆုကြေးငွေကျပ် သိန်း ၁၀၀၀ ချီးမြှင့်ခံခဲ့ရပါတယ်။
.
■ လားရှိးမှာ
အကောက်ခွန်မဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား ၂ စီး အဖမ်းခံရ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊
ရပ်ကွက်(၁)၊ ထင်းရှုးမြိုင်လမ်းမှာ မေလ ၂၇ ရက်၊ မနက်ပိုင်းက အကောက်ခွန်မဲ့ ပစ္စည်းတွေ
တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၂ စီးကို ဖမ်းမိခဲ့တယ်လို့
သိရပါတယ်။
.
■ အင်းလေးကန်ထဲက
သိန်း ၁၀၀၀၀ တန် နုန်းမြေစုပ်စက်ကို ပြည်နယ်ဝန်ကြီးတွေ စစ်ဆေး
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊
အင်းလေးကန်ထဲက ငွေကျပ်သိန်း ၁၀၀၀၀ နဲ့ ဝယ်ယူပြီး အသုံး မပြုနိုင်တော့ဘဲ
ပျက်စီးနေတဲ့ နုန်းမြေစုပ်စက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်ဝန်ကြီးတွေက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။
.
#KBZTai #Shan #Broadcasting
.
Link
- https://youtu.be/E8drZPHbr9Y
No comments:
Post a Comment