မူဆယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

မူဆယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ မေလ ၂၈ ရက်၊ ညနေပိုင်းက အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း အွန်လိုင်း လိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန် ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပ နိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages